Pages

Pages

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ဌာနအကြီးအကဲဖြစ်သူ Undersecretary၊ Dato’ Mohammad Ali Selamat အား သွားရောက်တွေ့ဆုံ




ကွာလာလမ်ပူ၊ ဧပြီ ၁၀

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအမတ်ကြီး ဦးအောင်စိုးဝင်းသည် နှစ်နိုင်ငံကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ဌာနအကြီးအကဲဖြစ်သူ Undersecretary၊  Dato’ Mohammad Ali Selamat အား ၉-၄-၂၀၂၄ ရက်နေ့၊ (၁၁ ၀၀) နာရီတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ် ဥပုသ်ကာလပြီးဆုံးသည့် အချိန်အခါသမယအတွက် ဂါရဝပြုလက်ဆောင်ပန်းခြင်းကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment