ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် ထံ သံအမတ်ကြီး Mr. Chen Hai သွားရောက် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် ထံ သံအမတ်ကြီး Mr. Chen Hai သွားရောက် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်


နေပြည်တော်၊ ဧပြီ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် ထံ သံအမတ်ကြီး Mr. Chen Hai  သွားရောက် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဧပြီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံခဲ့ကြောင်း၊  နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ နှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုးတက်မှုများရရှိခြင်းကို အပြုသဘောဆောင်စွာ သုံးသပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိုင်းစွာဖော်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)