ဇမ္ဗူသီရိ ဧပြီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာကြရန်၊ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း လုံခြုံရေးအထူးဂရုပြုရန်၊ နွေရာသီကာလဖြစ်သည့်အတွက် မီးဘေးအန္တရယ်ကင်းဝေးစေရေး ဂရုပြုဆောင်ရွက်ရန်၊ နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များနှင့် အလှူငွေများ လှူဒါန်းလိုပါက နေပြည်တောင်ကောင်စီရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပူပေါင်းလုပ်ဆောင်ကြရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ MSMEလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်၊ မိမိရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ရာဇ၀တ်မှုမဖြစ်ပွားစေရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အောင်သူရဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment