အရာတော်မြိုနယ် ဝါးတောမကျေးရွာအနီးတွင် PDFအကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြိုနယ် ဝါးတောမကျေးရွာအနီးတွင် PDFအကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


အရာတော်၊ ဧပြီ ၁၄

အရာတော်မြို့နယ်၊ ဝါးတောမကျေးရွာအနီးတွင် ဧပြီလ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲဝင်များသည် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမား ၁ လောင်း ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ၏ RPG လောင်ချာ ၁ လက်၊ လက်လုပ်သေနတ် ၃၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် ၄၀မမ သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၀ လုံး၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ Fixed Wind Drone ၂ စီး၊ Drop Bomb ဗုံးသီး ၅ လုံး၊ CRV အမျိုးအစား(လိုင်စင်မဲ့)ကား ၁ စီး၊ ဆေးပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း NLD လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် လယ်/ဆည် ဝန်ထမ်းဟောင်း ဝဏ္ဏ၊ ခင်မောင်လွင် နှင့် ဘိတ်သိတ်ဆရာ သော်က ဆိုသူက PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်ပြီး ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ အများအပြား သေဆုံးခဲ့ရပြီး အချို့သော ပြည်သူများမှာ မိမိ၏ အိုးအိမ်ကို စွန့်ခွါ၍ အခြားအရပ်ဒေသများသို့ တိမ်းရှောင်နေကြရသည်။ 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)