ငါ့သရောက်မြို့၊ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါ့သရောက်မြို့၊ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်



ညောင်ဦး၊ ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတိုင်းကျော် အား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးတိုင်းကျော်နှင့်အတူ အဖော်တစ်ဦးပါ အပစ်ခံရပြီး ဦးတိုင်းကျော်မှာ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူကို ဆေးကုသမှုခံယူရန် မန္တလေးသို့ ပို့ဆောင်ထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

PDF အကြမ်းဖက်သမားများသည် ဦးတိုင်းကျော် ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယခင်တခါကလည်း ချောင်းမြောင်းပစ်ခတ်ခံရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သူဖြစ်ကြောင်း၊ ဦးတိုင်းကျော်သည် တပ်မတော်သား အငြိမ်းစားတစ်ဦး ဖြစ်ကြောင်း သိရသည်။


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)