နေပြည်တော်၊ ဧပြီ ၂၅
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် ယမန်နေ့က ထုံးဘိုကျေးရွာအနောက်မြောက်ဘက်သို့အရောက် PDF အကြမ်းဖက် ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်စိန်ပြောင်း ၂ လက်၊ ဗုံးသီး ၄၀ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ Drone ၁ စီး၊ ဝါယာကြိုး ၃ ခွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးကျေးရွာဝန်းကျင်တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် ၎င်းကျေးရွာအနောက်တောင်ဘက်သို့အရောက် PDF အကြမ်းဖက် ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ဆိုင်ကယ်မျိုးစုံ ၅ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ လားရှိးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၁ စီးဖြင့် ယူနီဖောင်းဝတ် သောင်းကျန်းသူ ၁ ဦးအား တွေ့ရှိသဖြင့် ပိတ်ဆိုဖမ်းဆီးရာ MNDAA ၊ ရင်း(၂၀၂) မှ တပ်သားအဆင့်ရှိသူ တစ်ဦးအား အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၂၀ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF/ PNLO အကြမ်းဖက်သမား ၅ လောင်း ရရှိခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် လှိုင်စိမ်းရွာအရှေ့မြောက်ဘက်သို့အရောက် လူနေပျဉ်ထောင်အိမ်အတွင်းမှ လက်လုပ်သေနတ် ၁လက်၊ RPG ဒုံးသီး ၃ လုံး၊ ပို့ကျည် ၂ တောင့်၊ နင်းမိုင်း ၄ လုံး၊ အမ်(၁၆) ကျည်အိမ် ၅ ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment