ကွာလာလမ်ပူ၊ ဧပြီ ၁၀
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအမတ်ကြီး ဦးအောင်စိုးဝင်းသည် နှစ်နိုင်ငံကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ဌာနအကြီးအကဲဖြစ်သူ Undersecretary၊ Dato’ Mohammad Ali Selamat အား ၉-၄-၂၀၂၄ ရက်နေ့၊ (၁၁ ၀၀) နာရီတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ် ဥပုသ်ကာလပြီးဆုံးသည့် အချိန်အခါသမယအတွက် ဂါရဝပြုလက်ဆောင်ပန်းခြင်းကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
#News


No comments:
Post a Comment