ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီး၏ Cheque Sharing Ceremony အား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီး၏ Cheque Sharing Ceremony အား ကျင်းပပြုလုပ်




တိုကျို၊ မေ ၂၁

ဂျပန်နိုင်ငံရှိ တိုကျိုမြို့အခြေစိုက် အာရှ-ပစိဖိတ်နိုင်ငံများ၏ သံရုံးပေါင်း (၂၆) ရုံး ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီး၏ ၂၀၂၄ ခုနှစ်အတွက် ဈေးရောင်းပွဲတော် ALFS Charity Bazaar ကို ၂၆-၃-၂၀၂၄ ရက်နေ့တွင် တိုကျိုမြို့ရှိ Meiji Kinenkan ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများမှ သံရုံးပေါင်း (၁၉) ရုံးနှင့် ဂျပန်နိုင်ငံဘက်မှ စီးပွားရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါဈေးရောင်းပွဲတော်အတွင်း ရရှိခဲ့သည့် အမြတ်ငွေများကို အဖွဲ့ဝင်သံရုံးများသို့ ပြန်လည် ခွဲဝေခြင်းအခမ်းအနား (Cheque Sharing Ceremony) ကို ၁၅-၅-၂၀၂၄ ရက်နေ့က တိုကျိုမြို့ရှိ စင်ကာပူသံရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ALFS အသင်းဥက္ကဋ္ဌ Madame Haruko Komura နှင့် တာဝန်ရှိသူများ၊ သံရုံးပေါင်း (၁၉) ရုံး ပါဝင်တက်ရောက်ပြီး အမြတ်ငွေဝေစု Cheque ကို လက်ခံခဲ့သည်။  

အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးအတွက် အချိုးကျအမြတ်ငွေကို ALFS အသင်းဥက္ကဋ္ဌ Madame Haruko Komura က Cheque ဖြင့် ပေးအပ်ခဲ့ရာ သံအမတ်ကြီး၏ ဇနီး ဒေါ်လဲ့လဲ့ဝါ မှ လက်ခံရယူခဲ့သည်။

မြန်မာသံရုံးအနေဖြင့် ALFS Charity Bazaar မှ နှစ်စဉ်လက်ခံရရှိသည့် အချိုးကျ အမြတ်ငွေများကို မြန်မာနိုင်ငံရှိ လူမှုဖူလုံရေး အထောက်အကူပြုအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)