ဝါရှင်တန်၊ မေ ၁၄
အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် အလှည့်ကျဥက္ကဋ္ဌ မလေးရှားသံရုံးမှ ဦးဆောင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Daniel Kritenbrink နှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ သမ္မတ၏ အထူးလက်ထောက်နှင့် အရှေ့အာရှနှင့် သမုဒ္ဒရာပိုင်းဒေသဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး (Special Assistant to the President and Senior Director for East Asia and Oceania) Dr. Mira Rapp-Hopper တို့ ဦးဆောင်သည့် တာဝန်ရှိသူများအား အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည့် အစီအစဉ်ကို မလေးရှားသံရုံး၌ ၁၃-၅-၂၀၂၄ ရက်က ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနှင့် အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူး Mr. Dato’ Nazri Aziz က အဖွင့်အမှာစကားပြောကြားကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ သမ္မတ၏ အထူးလက်ထောက်နှင့် အရှေ့အာရှနှင့် သမုဒ္ဒရာပိုင်းဒေသဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။
နေ့လယ်စာစားပွဲတွင် အာဆီယံ-အမေရိကန်၏ ဆွေးနွေးဖက် ဆက်ဆံရေးဆိုင်ရာ အစည်းအဝေးများကိစ္စ၊ အာဆီယံအပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment