ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၄) ကျင်းပ







ရန်ကုန်        ၊  မေ         ၁၆


ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၄) ကို မေလ(၁၅)ရက်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီများမှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက “ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမှ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၂၈၂/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးအဆင့် လုပ်ငန်း ကော်တီ အဆင့်ဆင့်ကိုလည်း ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂ဝ၂၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့က ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်း မုန်တိုင်းမတိုင်မီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကြိုတင်အစည်းအဝေးများ ကျင်းပခြင်း၊ လုပ်ငန်းကော်မတီများနှင့် အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝန်ကြီးချုပ် ဦးဆောင်၍ တာဝန်ရှိသူများဖြင့်စစ်ဆေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ရာမှ အလေ့အကျင့်ကောင်းများရရှိပြီး အားနည်းချက်၊ အားသာချက်များကို သုံးသပ်ကာ ပိုမိုကောင်းမွန် တဲ့ ကြိုတင်ပြင်ဆင်မှုများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ရာသီအလိုက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မျှော်တွေးလျက် လုပ်ငန်းကော်မတီအသီးသီးက လုပ်ငန်းတာဝန် များအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြရန်၊ လုပ်ငန်းကော်မတီ အချင်းချင်းချိတ်ဆက်ဆောင်ရွက် နိုင်အောင်ပြင်ဆင်ထားရန်၊ ‌ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ရှာဖွေ ကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပိုမို ကောင်းမွန်သည့် လူနေမှုဘဝရရှိစေရန် ဆောင်ရွက်သည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ရေးဆွဲထားရှိသည့် လုပ်ငန်းစီမံချက်များအတိုင်း အမှန်တကယ်ထိရောက်စွာ ဆောင်ရွက်နိုင်အောင် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကော်မတီများအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။ 


ဆက်လက်၍ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းမှ မိုးလေဝသနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)