တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင်



နေပြည်တော်၊ မေ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ရထားလမ်းအတွင်းရှိရမည့် လမ်းခင်းကျောက်ထုအတိုင်း စနစ်တကျဖြည့်တင်း၍ Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင် ရိုက်ခြင်းလုပ်ငန်းကို သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထားတိုင်းအဆင့် အရာထမ်းများနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအပိုင်း (၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများကိုတွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ ရထားစီးခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ခရီးသွား ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင်လည်း Service Manual များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများကို မိမိတို့၏အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သတ်မှတ်ထားသည့် ကာလအတွင်းအချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန် စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရေး၊ အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ရထားလမ်းနှင့်အတူ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)