Pages

Pages

မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ



ရန်ကုန်၊ မေ ၂၇

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် လက်ကိုင်ဖုန်းများနှင့် ကွန်ပြူတာဆက်စပ်ပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ နံနက်အ‌စောပိုင်းက သတင်းအရ  Sangkhlaburi ခရိုင်ရဲတပ်ဖွဲ့စခန်း လုံခြုံရေးဂိတ်တွင် စစ်ဆေးရေးဆောင်ရွက်နေစဉ် ပုဂ္ဂလိက ကုမ္ပဏီပိုင် ပါဆယ်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ Isuzu D – Max အမျိုးအစား အဖြူရောင်ကားတစ်စီးကို စစ်ဆေးရာ တင်ဆောင်လာသော ပစ္စည်းများမှာ ထိုင်းနိုင်ငံအတွင်းရှိ အရောင်းဆိုင်မှ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းလက်ခံမည့်သူ၏ အချက်အလက်နှင့် ပတ်သတ်၍ သေချာသိရှိထားခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ဟုသာ ‌ပါရှိကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးရာ ကားပေါ်မှ Oppo အမျိုးအစား လက်ကိုင်ဖုန်း ၈၅ လုံး၊ Dell နှင့် Acer အမျိုးအစားကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအပြင် နိုင်ငံခြားစီးကရက်များကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ကုန်ပစ္စည်းနှင့် ပတ်သတ်ပြီး အရောင်းဆိုင်မှ ပေးပို့သူများနှင့် ပတ်သတ်ဆက်နွယ် မှုရှိနေသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း သိရသည်။


Crd - Yarmanya Times

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment