Pages

Pages

၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော်ကြီး (၂)ပါးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ




တိုကျို၊ မေ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်း ခဲ့သည့်  ဂျပန်နိုင်ငံ၊ ဟော်ဂိုပြည်နယ်၊ ကာတိုမြို့ရှိ Nenbutsushu Sampozan Muryojuji Temple ၏ Chief High Priest နှင့်   President  of  Buddhist  Summit ၏  ဆရာတော်  Most Ven. Dr. Shinkai   KORI  နှင့် ဂျပန်နိုင်ငံ၊ ခိတကျူးရှုးမြို့၊ မိုဂျီကမ္ဘာအေးစေတီကျောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဍိတ တို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း အခမ်းအနားကို ၂၄-၅-၂၀၂၄ ရက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး၊ စစ်သံမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်ထွန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊  မိသားစုဝင်များ၊ မြန်မာဧည့်ပရိတ်သတ်များ၊ ဂျပန်နိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဒါယိကာ၊ ဒါယိကာမများ၊ World Buddhist Supreme Conference, Nenbutsushu Sampozan Muryojuji Temple နှင့် ဂျော့ရှင်းအန်း ဝိပဿနာ တရားရိပ်သာမှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဧည့်ပရိတ်သတ်များနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာအစိုးရ ပညာတော်သင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် အပ်နှင်းခံရသည့်  ဆရာတော် Most Ven. Dr. Shinkai KORI နှင့် အဘိဓဇအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် အပ်နှင်းခံရသည့် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment