Pages

Pages

(၃၉) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်



ဂျကာတာ၊ မေ ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊  ဂျကာတာမြို့ တွင် ၁၉-၅-၂၀၂၄ ရက်မှ ၂၂-၅-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် (၃၉)ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံမှ AICHR ကိုယ်စားလှယ် H.E. Ambassador Yong Chanthalangsy က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားပြုပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ အဖွဲ့အစည်းဆိုင်ရာကိစ္စများ၊ ၂၀၂၆-၂၀၃၀ခုနှစ် ကာလအတွက် AICHR ၏ ငါးနှစ်တာ လုပ်ငန်းစီမံချက် ရေးဆွဲရေးကိစ္စ၊ AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ အကောင် အထည်ဖော်မှုအခြေအနေနှင့်စပ်လျဉ်း၍ မသန်စွမ်းပုဂ္ဂိုလ်များ၏ အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ သတင်းတုသတင်းမှားများကိစ္စ၊ အာဆီယံဒေသတွင်း လူ့အခွင့်အရေးနှင့် ရဲအရေးကိစ္စ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ AICHR မြန်မာကိုယ်စားလှယ်က နိုင်ငံသားအားလုံး၏ အခွင့်အရေးများ ရရှိစေရေး ဆောင်ရွက်လျက် ငြိမ်ချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက် လက်ရှိ ဆောင်ရွက်နေမှုများကို အစည်းအဝေးတွင် အသိပေးဆွေးနွေးခဲ့သည်။

အစည်းအဝေး၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ၏ နှစ်စဉ်တွေ့ဆုံပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်အတွက် AICHR ၏ နှစ်စဉ် အစီရင်ခံစာမူကြမ်း၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ AICHR မှ ဆွေးနွေး တင်ပြမည့်အချက်အလက် များနှင့် ၂၀၂၅ ခုနှစ်အတွက် AICHR ၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment