Pages

Pages

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများထုတ်ပေးလျက်ရှိ

 



မိုင်းနောင်  ၊   မေ  ၂၁         


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့ နံနက် (၉) နာရီအချိန်တွင်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိဘပင်စင်စားများအား လစဥ်ပုံမှန် (၂၁) ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားပြီး အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ထားရှိကြောင်း ဘဏ်မန်နေဂျာ ဒေါ်နန်းမြတ်မျိုးမွန်ထံမှ သိရှိရသည်။

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများအား ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။


မနန်း (မိုင်းနောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment