Pages

Pages

ရှမ်းပြည်(မြောက်ပိုင်း) သိန္နီမြို့နယ်အတွင်း MNDAA အဖွဲ့က လူသစ်စုဆောင်းမှုများ ပြုလုပ်နေ

 


သိန္နီ၊ မေ ၂၁

ရှမ်းပြည်(မြောက်ပိုင်း) သိန္နီမြို့နယ်အတွင်းမှ ကျေးရွာများမှ MNDAA အဖွဲ့က လူသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး အစိုးရသစ်စိုက်ခင်းများမှ သစ်များခိုးထုတ်ရောင်းစားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ သိရသည်။

ဒေသခံတစ်ဦးက "အခု ရှမ်းမြောက်သိန်းနီ က ပြည်သူတွေ MNDAA အုပ်ချုပ်မှုကြောင့် ဒုက္ခရောက်နေကြတယ်။ အခု သိန်းနီမြို့နယ်ထဲက ရွာတွေမှာ တစ်ရွာကို  MNDAA တပ်အတွက်  လူသစ်  ၄ယောက်  စီပေးရတယ်။ အဲ့ဒီ လူသစ် ၄ယောက်ရဲ့အိမ်ကို ထောက်ပံ့မှုအတွက် တစ်သိန်း  စီထပ်ထည့်ရမယ်။ လူသစ်လည်းပေးရမယ်။ ငွေလည်းထည့်ရမယ်ပေါ့။ နောက်တစ်ခုက ရွာတွေမှာနေတဲ့ ဗမာတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အရပ်ဘက်ဝန်ထမ်းတွေလည်းရှိတယ်။ အများအားဖြင့် လားရှိုးမှာ အဆင်ပြေသလိုနေကြပြီး မပြန်ကြဘူး။ အဲ့လို မပြန်တဲ့အိမ်တွေကို  လာနေရင်နေ၊ မနေရင် အိမ်ကိုသိမ်းပြီး MNDAA ထဲက  စစ်သားတွေရဲ့ မိသားစုတွေကို လာနေခိုင်းမယ်။ အိမ်ကိုသိမ်းလိုက်တာပေါ့။ နောက် ပန်ဖတ်ရွာဘက်မှာ  မြို့သစ်တည်မယ်။ စံလောင်ရွာမှာလည်း ဈေးအသစ်ဆောက်မယ်။ ဒေသခံတွေပြန်လာနေကြဆိုပြီး ခေါ်နေတယ်။" ဟု ပြောသည်။

MNDAA အဖွဲ့သည် သိန်းနီ နဲ့ လားရှိုး  ကြားမှာရှိတဲ့  အစိုးရကျွန်းစိုက်ခင်း၊ သစ်တောတွေကနေ သစ်တွေခုတ်ပြီး တရုတ်ကို ပို့နေကြောင်း၊ ပြည်သူကြားထဲကို  MNDAA အဖွဲ့မှ မိသားစုတွေထည့်ပြီး  အမာခံသတင်းပေးများ ထည့်ထားကြောင်း၊ တရုတ်တွေကို ခေါ်သွင်းနေမှုများ ရှိနေကြောင်း ဒေသခံက သတင်းပေးပို့ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment