Pages

Pages

ကရသူရိမြို့၌ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းကျင်းပ



ကရသူရိ  ၊  မေ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်သို့လာရောက်ကြသည့်ကလေးငယ်များ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်ပြီး မိမိဝါသနာထုံရာများကို လေ့လာဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်ရာ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကစာဖတ်ပရိတ်သတ်ကလေးများက မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး
 ဆုရရှိသူများကို မြို့ဦးမှူးက ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။       


ကရသူရိ

https://t.me/MyanmarNationalPost

No comments:

Post a Comment