Pages

Pages

ဟင်္သာတ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန် ပြိုကျမှု ဖြစ်ပွား




ဟင်္သာတ ၊  မေ  ၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတ မြို့နယ်တွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၅ လုံးပျက်စီးခဲ့သည်။


အဆိုပါလေပြင်းဘေးကြောင့် ဟင်္သာတမြို့နယ်အတွင်း ရှားဖြူကုန်းကျေးရွာအုပ်စု၊ ငါးဖားအုပ်စုနှင့် ဂျိုးဂေါင်းကျေးရွာအုပ်စုတို့တွင် လူနေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ် ၃ လုံးမှာ အမိုးလန်မှု ဖြစ်ပွားခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment