ပေါင် ၊ မေ ၁၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျွန်း၊ကံကော်၊စိန်ပန်းဝါ ၊ပင်လယ်ကဗွီ၊ပျဉ်းကတိုး၊မန်ဂျန်ရှား၊ယူကလစ်၊သင်္ဃန်း စသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင် ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း၏ ပြောကြားချက်အရသိရသည်။
ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတု ပူပြင်းလာခြင်း ၊ မိုးခေါင်ခြင်းစသော သဘာဝဘေး ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း ၏ပြောကြားချက်အရသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment