ဆီဆိုင် ၊ မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များက ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများအတွက် အဆင်ပြေစေရန် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေး၊ မြို့မဈေးပြန်လည်ဖွင့်လှစ်နိုင်ရေး စသည့်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိကာ ဒေသခံပြည်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဈေးသည်များ ဖွင့်လှစ်ရောင်းချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် သောက်သုံးရေရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်သည်။ အဆိုပါပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment