ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့်အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့်အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်



နေပြည်တော်၊ မေ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀-၅-၂၀၂၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့်အခြားသီးနှံများ မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးကြသည်။


ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် ပေါင်ကြီးတင်စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ်လေးမျိုး စမ်းသပ်စိုက်ပျိုးခြင်းစံပြကွက်ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီရေထိန်းဆည်ရေ သောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသောနွေနှမ်း စိုက်ခင်း၊ ဇေယျာသီရိမြို့နယ် သပြေပင်ကျေးရွာ ရေဆင်းဆည်သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း ရေဝပ်ခြင်းမဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်မှုကို ကြည့်ရှုစစ်ဆေးသည်။


ထို့အတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာယာယီရေထိန်းဆည် ရေသောက်ဧရိယာအတွင်း ရေနုတ်မြောင်းရှင်းလင်း တူးဖော်နေမှုနှင့် ကူသပိတ်ကျေးရွာ မဒန်းဆည်ရေ သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းတူးဖော်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေချာ၍ အထွက်နှုန်းကောင်းမွန်သော ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုရာသီတွင်ဖြစ်ပေါ် လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် နွေနှမ်းနှင့် အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် တောင်သူများသို့ ကြိုတင်အသိပေးဆောင်ရွက်ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေး နှိုးဆော်သွားကြရန်၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ ထပ်ဆင့်အသိပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဆောင်ရွက်ထားသည့်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)