ရေကြောင်းလူငယ်မှ သင်တန်းသားများ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ၊ လေကြောင်းလူငယ်မှ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ် လိုက်ပါပျံသန်း၊ ပြိုင်ပွဲများကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းလူငယ်မှ သင်တန်းသားများ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ၊ လေကြောင်းလူငယ်မှ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ် လိုက်ပါပျံသန်း၊ ပြိုင်ပွဲများကျင်းပပြုလုပ်



နေပြည်တော်၊ မေ ၁၅

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင် တန်း(၁/၂၀၂၄) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်း ပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်း နှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟု သုတများ၊ တပ်မတော်(လေ)တွင်အသုံးပြုလျက်ရှိသော လေယာဉ်များ အကြောင်းကို တပ်မတော်(လေ)က တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ လေယာဉ် ပျံသန်းမှုအတွေ့အကြုံရရှိစေရန် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ် များဖြစ်သော Y-8 လေယာဉ်နှင့် ATR-72 လေယာဉ်တို့ဖြင့် လက်တွေ့လိုက်ပါစီးနင်း ကြပြီး လေယာဉ်ပျံသန်းစီးနင်းရာတွင် လိုက်နာရမည့်အချက်များနှင့် လေကြောင်း ဆိုင်ရာအတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသခဲ့ကြ သည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများအား ပြခန်းခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာ ပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိအရာဝတ္ထုပစ္စည်းများ တွင်ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများ မေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့်သဘာဝ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်း တာဖော်ပြပေးသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင် ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသ သည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့အား အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV၊ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့်ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့်ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီး ယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ ကျကျအသုံးပြုနေခြင်းဆိုင်ရာပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြသည်။

အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံ နက်ပိုင်းတွင် သင်တန်းစခန်း ၉ ခုမှ ထူးချွန်ဆုရသင်တန်းသားများသည် Grob-120 TP လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များအား လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြ လေသူရဲများနှင့်အတူ လက်တွေ့လိုက်ပါ ပျံသန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နေလယ်ပိုင်းတွင် အဆိုပါသင်တန်းစခန်း ၉ ခုမှ သင်တန်းသားများ သည် RC လေယာဉ်/ရဟတ်ယာဉ်မောင်း ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသားများ၊ အုပ်ချုပ်သူနည်းပြများ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ယှဉ်ပြိုင်နေမှုများကို အားပေးကြည့်ရှုခဲ့ကြသည်။

အလားတူ ကျန်သင်တန်းစခန်း ၈ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူများ သည် လေ့လာရေးခရီးစဉ်အဖြစ် နံနက်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ စက်မှု လက်မှုအတတ်သင်ကျောင်းတို့အား လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လေကြောင်း အတတ်သင်လေတပ်စခန်း ဌာနချုပ်ရှိ လေယာဉ်မောင်းသင်ကျောင်းနှင့် Aeromedical Centre တို့အားလည်းကောင်း အသီးသီးလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)