Pages

Pages

ကော့ကရိတ်မြို့တွင် ဓာတ်တိုင်များ ပြန်လည်စိုက်ထူကာ လျှပ်စစ်ကြိုးများ တပ်ဆင်




ကော့ကရိတ်၊ မေ ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဓာတ်မီးတိုင်များကို ပြန်လည်စိုက်ထူကာ လျှပ်စစ်ကြိုးများ ပြင်ဆင်တပ်ဆင်ခြင်း ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများသွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဓာတ်ကြိုးတွေ ပြန်တပ်တယ်၊ ဓာတ်တိုင်တွေ အသစ်လဲတာရှိတယ်။ ပြင်တာရှိတယ်။ အခုတော့ မီးကြိုးတွေ တပ်ပြီးပြီ"ဟု ၎င်းက ပြောသည်။

ထို့ပြင် ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်းနှင့် ဓာတ်ပုံ - YT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment