Pages

Pages

The Second Beautiful China Dynamic Huzhou Investment and Sci-tech Cooperation Conference & Huzhou Future Conference နှင့် The Second ASEAN-China Conference on Sustainable Development Cooperation သို့ မြန်မာသံအမတ်ကြီး တက်ရောက်



ဟူကျိုး၊ မေ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ သည် ကျဲ့ကျန်းပြည်နယ်၊ ဟူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်တွင် ကျင်းပခဲ့သည့် The Second Beautiful China Dynamic Huzhou Investment and Sci-tech Cooperation Conference & Huzhou Future Conference ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ 

အခမ်းအနား၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာအရပ်ရပ်၌ ရာသီဥတုပြုပြင် ပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရချိန်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အနေဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ရှေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးမှာ အရေးကြီးပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလျက် နိုင်ငံနှင့်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် စံပြဖြစ်သည့် ဟူကျိုးမြို့နှင့် အာဆီယံ၏ မြို့များအကြား သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးမြို့များ (Environmentally sustainable cities) တည်ထောင်၍ အတွေ့အကြုံများဖလှယ်ခြင်း အစီအစဉ်ကို မြှင့်တင်သင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိမ်းလန်းပြီး ပတ်ဝန်းကျင်အတွက်အကျိုးရှိသည့် စွမ်းအင်သစ်ကဏ္ဍဖြစ်သည့် လျှပ်စစ်ကား များထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိရာ ဟူကျိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စွမ်းအင်သစ်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာသံအမတ်ကြီးသည် နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည့် The Second ASEAN-China Conference on Sustainable Development Cooperation သို့ ဆက်လက်တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်း ဧည့်သည်တော် ၄၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment