ငွေဆောင် ၊ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အုပ်ချုပ်ရေးအဖွဲ့မှ စီစဥ်ကျင်းပသော ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပြိုင်ပွဲအား ယမန်နေ့ ညနေ ၅ နာရီက အ.ထ.က (ငွေ ဆောင်) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွန်ဆွဲပြိုင်ပွဲတွင် တစ်သင်းလျှင် (၁၀)ဦးကျ ပါဝင်ယှဉ်ပြိုင်စေပြီး ငွေဆောင်မြို့၊ အမှတ်(၁,၂,၃,၄) ရပ်ကွက်တို့မှ အမျိုးသားအသင်း ၄ သင်းက( ၄)သင်းပတ်လည် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။၎င်းလွန်ဆွဲပြိုင်ပွဲအား မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများက တစ်ခဲနက် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လွန်ဆွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု တစ်ဆု ချီးမြှင့်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုရရှိသည့်အသင်းများအား ဆုတော်ငွေများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment