ပေါင်းတည် ၊ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်၉နာရီက ၂၀၂၃ခုနှစ် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ၌ အောင်မြင်ခဲ့ကြသူများအတွက် ၃၈ကြိမ်မြောက် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ဥက္ကဋ္ဌဆရာတော်က ငါးပါးသီလနှင့်သြဝါဒကထာမိန့်ကြားသည်။ ဆက်လက်၍ မြို့နယ်ဗုဒ္ဒဘာသာယဉ်ကျေးမှုစာမေးပွဲကော်မတီဥက္ကဋ္ဌ ဆရာတော်က ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲနှင့်စပ်လျဉ်း၍ မိန့်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက ယဉ်ကျေးမှုနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ယဉ်ကျေးမှုစာမေးပွဲ၌ ထူးချွန်စွာစာအောင်သူ ၅၄ ဦးနှင့် အဘိဓမ္မာပထမဆင့်၌ ထူးချွန်စွာစာအောင်သူတစ်ဦး စုစုပေါင်း ၅၅ ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် ဗုဒ္ဓံသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေသား
https://t.me/MyanmarNationalPost


No comments:
Post a Comment