( ၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် နွေရာသီလူငယ် ကင်းထောက်သင်တန်း ပဲခူးမြို့(အ- ထ - က) ကျောင်းများရှိ ကျောင်းသား / ကျောင်းသူများ ရွှေတောင်မြို့နယ်အတွင်း လေ့လာရေး ခရီးစဉ် ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

( ၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် နွေရာသီလူငယ် ကင်းထောက်သင်တန်း ပဲခူးမြို့(အ- ထ - က) ကျောင်းများရှိ ကျောင်းသား / ကျောင်းသူများ ရွှေတောင်မြို့နယ်အတွင်း လေ့လာရေး ခရီးစဉ် ရောက်ရှိ

 




ရွှေတောင်  ၊  မေ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ( ၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် နွေရာသီ လူငယ်ကင်းထောက်သင်တန်း ပဲခူးမြို့(အ- ထ - က) ကျောင်းများရှိ ကျောင်းသား / ကျောင်းသူများသည်‌ ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်း  စခန်းချလေ့လာရေး ခရီးစဉ် ရောက်ရှိခဲ့သည်။ 

       ( ၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် နွေရာသီ လူငယ်ကင်းထောက်သင်တန်း ပဲခူးမြို့(အ- ထ - က) ကျောင်းများရှိ ကျောင်းသား / ကျောင်းသူများ နှင့် ကြီးကြပ်သူ စုစုပေါင်း (၇၀)ဦးတို့သည် ရွှေတောင်မြို့နယ်အတွင်း  စခန်းချလေ့လာရေး ခရီးစဉ် ရောက်ရှိခဲ့ရာ ရွှေတောင်မြို့နယ် ၊ မယားမာန်ကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် အလှူငွေများလှူဒါန်း၍  ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းများအားရှင်းလင်းပြောကြားရာ ကင်းထောက်အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် စခန်းချလေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ဆက်လက်၍ ရွှေတောင်မြို့ ၊ ယွန်းတန်းရပ်ကွက် ၊ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရားကြီးအားဖူးမြော်ကြည်ညိုခဲ့ကြသည်။

      အဆိုပါ လူငယ်ကင်း‌ထောက်သင်တန်းကျောင်းသား/ ကျောင်းသူများ စခန်းချလေ့လာရေးခရီးစဥ်သို့  ပြည်ခရိုင် ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်း ( ခွဲ) ပညာရေးမှူး ဦးတင်ယုနှင့်  အဖွဲ့များ၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် အဖွဲ့များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)