Pages

Pages

(၂၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ



ရန်ကုန်၊ မေ ၂၉

(၂၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (25th ASEAN– COCI Sub – Committee on Information Meeting)တက်ရောက်ရန် မြန်မာနိုင်ငံ အာဆီယံပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။


အဆိုပါ အာဆီယံပြန်ကြားရေးကဏ္ဍ (ASEAN – SCI) အစည်းအဝေးများကို အာဆီယံဒေသတွင်း သတင်းပြန်ကြားရေးဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးပွားခိုင်မာလာစေရေး၊ အာဆီယံစီမံကိန်းများအား အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အတွက် အဓိကရည်ရွယ်ပြီး နှစ်စဉ်ကျင်းပရာ အဖွဲ့ဝင် ၁၀ နိုင်ငံမှ စုံလင်စွာတက်ရောက်ကြပြီး ပြန်ကြားရေးကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများနှင့် စီမံကိန်းဆောင်ရွက်မှုများအလိုက် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြကြောင်း၊ ယင်းအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ကြရာ ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ယနေ့ မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment