Pages

Pages

PDF အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူ ၇၄၃ ဦးရှိ


နေပြည်တော်၊ မေ ၂၉

PDF အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူ အရေအတွက်မှာ ၂၇-၅-၂၀၂၄ ရက်နေ့အထိ ၇၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိခဲ့သည့် လူငယ်များထဲမှ အမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး ၁၅၉ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။

PDF အကြမ်းဖက်သမားများသည် KNU, KNLA, KIA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အသုံးချခံ ဘဝကို ရောက်ရှိခဲ့ပြီး အများပြည်သူ အတိဒုက္ခရောက်စေမည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း၊ ရုံးဌာနများကို ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားတာဝါတိုင်များကို ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြသည်။

PDF အကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၈၆၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment