ရွှေတောင် ၊ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း( ရွာဟောင်း)ကျေးရွာ ကွင်းအမှတ် ( ၄၀၈)၊ ရွာဟောင်းကွင်း ဦးပိုင်အမှတ် ( ၅၃ခ/ ၁) တောင်သူ ဦးကျော်ဌေး၏ နွေစပါး (YAR-14)(၁. ၁၇) ဧကတွင် ယနေ့နံနက်ပိုင်းက နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ နွားမယံကျေးရွာအုပ်စု ၊ကွင်းယားကြီးကျေးရွာအုပ်စု၊ကျွဲတလင်းကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား ( ၈၇) ဦးခန့်တက်ရောက်ခဲ့ကြပြီး စံကွက် ၆.၆ (၀.၀၀၁)ပတ်လည် ရိတ်သိမ်းရာတွင် အစိုထွက်တင်း ( ၁၄၁) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment