မိုင်းခတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်


မိုင်းခတ် ၊  မေ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မေလ(၁)ရက်နေ့ ညနေပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုအား ယမန်နေ့မွန်းလွှဲပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့်‌ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် မိုင်းကာအရှေ့အုပ်စု၊ ပန်နော်လောင်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့အတွက် အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့်‌ထောက်ပံ့ငွေများအား ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ‌ ပေးပို့ရာ မိုင်းခတ်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)