ကျိုင်းတုံ ၊ မေ ၄
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၃) တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်/နယ်မြေမီးသတ်စခန်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက သွေးလှူရှင်များအား အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment