Pages

Pages

တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ တိုက်တည်ဆရာတော်ဘုရားကြီး တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ နှစ် (၅၀)ပြည့် ရွှေရတုမင်္ဂလာနှင့် ကျောင်းတိုက်တည်ခြင်း နှစ်(၅ဝ)ပြည့် ရွှေရတုအလှူတော်မင်္ဂလာနှင့် တိပိဋကဓရစာအောင် အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ




ရန်ကုန်     ၊    မေ       ၁၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းအချိန်က မရမ်းကုန်းမြို့နယ် တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ တိုက်တည်ဆရာတော်ဘုရားကြီး တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာ၊ ကျောင်းတိုက်တည်ခြင်း နှစ်(၅၀)ပြည့် ရွှေရတု အလှူတော်မင်္ဂလာနှင့် တိပိဋကဓရ စာအောင်အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် ကြည်ညိုခဲ့သည်။ 

အခမ်းအနားတွင် ကြွရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ မဟာရဌဂုရု အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက ဘဝတုသဗ္ဗမင်္ဂလာသုံးဂါထာ သဗ္ဗ တိယော နှစ်ဂါထာတို့ကို ရွတ်ပွားချီးမြှင့်ပြီး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တကဝိဓဇ အရှင်မြတ်က ကျောင်းတိုက်ကြီး၏ သမိုင်း အကျဉ်းကို ဖတ်ကြားလျှောက်ထားခဲ့သည်။

ဆက်လက်ပြီး ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ အရှင်ဝါယမိန္ဒာလင်္ကာရအား မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်နာယက၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုဇနာဘိဝံသ ရေးသားဂုဏ်ပြုအပ်သော ဂုဏာဘိတ္ထဝဂါထာများကို ပိဋကတ် တစ်ပုံခွဲဆောင် မဟာဓမ္မကထိက ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိလင်္ကာရ အရှင်မြတ်က ရွတ်ဖတ်ပူဇော်ပြီး ဝိနယဓရဘွဲ့တံဆိပ်တော်ရ အရှင်ကေသဝနှင့် အရှင်သုမနတို့အား မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်အနုနာယက မဟာဂန္ထဝါစက ပဏ္ဍိတ သာမဏေကျော် ဓမ္မာစရိယပါဠိပါရဂူ အရှင်ဝရုဏာဘိဝံသ ရေးသားဂုဏ်ပြုအပ်သော ဂုဏာဘိတ္ထဝဂါထာ များကို စာဆိုအရှင်မြတ်ကပင် ရွတ်ဖတ်ပူဇော်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ကြွရောက်လာသည့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေကျင်နိကာယာဓိပတိ ဥက္ကဌမဟာနာယက ဓမ္မသေနာပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိပါ သည်


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment