Pages

Pages

မြစ်ကြီးနားမြို့တွင် KIA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ဦးသေ၊ ဆရာမ ၁ဦး ထိခိုက်ဒဏ်ရာ


မြစ်ကြီးနား၊ မေ ၁၈

မြစ်ကြီးနားမြို့၊ ပမ်မတီးနယ်မြေ ၄ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက KIA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းသားတစ်ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ် သတင်းပေးပို့သူက "ဒီနေ့ မနက် ၈ နာရီလောက်က ပမ်မတီးနယ်မြေ ၄ ရပ်ကွက်၊ KIA က ပစ်တဲ့ လက်နက်ကြီး ၄လုံးကျတယ်။ ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆရာမ တစ်ယောက်ခြေထောက်ထိတယ်။ သေတာ ကျောင်းသား တစ်ယောက်ပါတယ်။ တစ်အိမ်ထဲ ၂ ယောက်သေဆုံးခဲ့ရပါတယ်။" ဟု ပြောသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment