ညောင်ဦးမြို့နယ်အတွင်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်ကာ သောက်သုံးရေများ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်ကာ သောက်သုံးရေများ ဖြန့်ဝေ




ညောင်ဦး၊  မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးနှင့် ရေပြတ်လပ်မှုမရှိစေရေးတို့အတွက် မေ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ သောက်သုံးရေများဖြန့်ဝေပေးခြင်းနှင့် လျှပ်စစ်ဖြင့် ရေတင်သည့် အဝီစိတွင်းများ၊ ဆိုလာစနစ်ဖြင့်ရေတင်သည့် ရေတွင်းများ၊ ဒီဇယ်အင်ဂျင်သုံးရေတွင်းများ ရေရရှိမှုအခြေအနေများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပြွန်ကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကျေးလက်ဦးစီးမှူးများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးရဲနိုင်တို့သည် ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေဂါလံ(၃၂၀၀)ဆံ့ကား(၁)စီး၊ ရေဂါလံ (၁၆၀၀)ဆံ့ ကား(၃)စီး၊ ဂါလံ(၁၀၀၀)ဆံ့ ရေကား(၁)စီး၊ စုစုပေါင်း ရေကား(၅)စီးတို့ဖြင့် အိမ်ခြေ (၂၀၀)တို့အား သောက်သုံးရေဖြန့်ဝေပေးခဲ့ ခြင်းနှင့်အတူ  ငါ့သရောက်တိုက်နယ် ထန်းပေါက်ကုန်းကျေးရွာသို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇေယျဝင်း ဦးဆောင်ကာ ငါ့သရောက်နယ်မြေမီးသတ် စခန်းမှ ရေဂါလံ (၁၆၀၀)ဆံ့ရေ ကား(၃)စီးဖြင့်ဒေသခံ ပြည်သူများအိမ်ခြေ ၂၀၀ ကျော်ဆီသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)