DMH-WRF Model ၏ ၁၅-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ် ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်း နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုအခြေအနေစတင် ဖြစ်ပေါ်နိုင်ပြီး၊ ၂၄-၅-၂၀၂၄ ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၈-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျား နိုင်သည်ကို တွေ့ရှိရပါ သည်။
အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ ၁၅-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံ တွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၄-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ၂၇-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။
အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၁၅-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ၂၄-၅-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။
ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment