ပေါင်မြို့နယ်၌လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်



ပေါင်    ၊ မေ     ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက (အထက)ပေါင် ရွှေရတုခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မုကျိတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တ ထေရဓမ္မက ဂုဏ်ပြုသြဝါဒ   စကားချီးမြှင့်၍ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုများ ချီးမြင့်ပေးခဲ့သည်။

ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က လူရည်ချွန်မောင်မယ်များအနေဖြင့် နိုင်ငံတော်အတွက် ဟူသည့်ခံယူချက်ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အားထားရသည့် ထာဝရလူရည်ချွန်များဖြစ်အောင် အစဉ်အမြဲကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း လူရည်ချွန် မောင်မယ်တွေကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင် ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့် အနာဂတ် မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ထိုနောက်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးမှ လူရည်ချွန်မောင်မယ်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  နှစ်ထပ် ကွမ်း လူရည်ချွန် မောင်ငွေသိန်းမှ လေ့လာရေးခရီးစဥ်အမှတ်တရကိုလည်းကောင်း ၊ လူရည်ချွန်ဟောင်း ဆရာမကြီး ဒေါ်ရင့်ဝါမှ ဂုဏ်ပြုစကား ကိုလည်းကောင်း

ပြောကြား၍ တက်ရောက်လာသူများမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုများ ပေးခဲ့သည်။

၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်ခြင်း ခံရသည့် ပေါင်မြို့နယ် ကိုယ်စားပြု အထက (ပေါင်) ကျောင်းမှ Grade 12 မောင်ညီညီရဲနိုင်၊ အထက (ဇင်းကျိုက်) မှ Grade 11 မောင်ထူးပြည့်စုံအောင်၊ အထက (ပေါင်) ကျောင်းမှ Grade - 10 မချောရတနာစံ၊ အထက (ပေါင်) ကျောင်းမှ Grade - 10 မောင်ငွေသိန်း နှင့် အထက (ပေါင်)ကျောင်းမှ Grade - 9 မောင်ဝင်းထွန်းကျော်တို့ဖြစ်ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)