ရွှေတောင် ၊ မေ ၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ ၅ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်( ၅)လုံး ပြိုကျခဲ့ပြီး လူနေအိမ်( ၆၃)လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ခြင်းကို ကျီးသဲကျေးရွာ အုပ်စု၊ ညောင်လှ ကျေးရွာ၊ မူလတန်းကျောင်း၌ ယမန်နေ့ ၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ပြည်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ ၊ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို နှင့် ဝန်ထမ်းများ၊ ရွှေတောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ ကျီးသဲ ကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာ အုပ်စု၊ တံပူစားကျေးရွာအုပ်စု ပြိုကျလူနေအိမ် (၅)လုံးနှင့် အမိုးလန်လူနေအိမ်( ၆၃)လုံး တို့အားပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၃၈၀၂၁၀၀/-) ကျပ်ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် ( ၅)လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး( ၁)ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment