ရန်ကုန် ၊ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်လမ်းအား အကျယ် ၃၃ ပေ မှ ၄၀ ပေ ရရှိရန် ဘယ်/ညာ တစ်ဖက်ကို ၃ ပေခွဲ တိုးချဲ့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များ၊ တက္ကသိုလ်ရှေ့ လမ်းလယ်ကျွန်း ဆောင်ရွက်နေမှုအခြေအနေများကို ပွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပင်မဆောင်ရှေ့ ရေကန်အတွင်းရှိ Solar Panel များကို ဘေးတစ်ဖက်တစ်ချက်စီသို့ ရွှေ့ပြောင်းပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရေကန်ပတ်လည် စိမ်းလန်း စိုပြည်စေရေး ဆောင်ရွက်ထားရှိမှု၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေကန်အတွင်းရေဖြည့်သွင်းပြီး လျှပ်စစ် ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းသုံးခု မောင်းနှင် နေမှု၊ ရေကန်ပတ်လည် မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု၊ ကန်ပေါင်တွင် လူသွားလမ်း ဆောင်ရွက်ပြီးစီးနေမှု၊ တက္ကသိုလ် အဝင်/အထွက် ယာဉ်ပတ်လမ်းအနီး မြက်ခင်းပြင်တွင် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment