မုဒုံမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ မိုးစပါး (၃၀၀) ဧကအတွက် မျိုးစေ့များ ပံ့ပိုးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ မိုးစပါး (၃၀၀) ဧကအတွက် မျိုးစေ့များ ပံ့ပိုးပေးအပ်


မုဒုံ၊ မေ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (ဘဲရမ်း/ကွမ်တာ)ရှိ မိုးစပါး ဧက(၃၀၀)အတွက် မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဂိုထောင်၌ ပြုလုပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကြီးကြပ်၍ ဝန်ထမ်းများမှ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတွင် မိုးစပါးစိုက်ပျိုးမည့် လယ်ဧက (၃၀၀)အတွက် တစ်ဧကလျှင် (၁၂) ပြည် နှုန်းဖြင့် တောင်သူ (၅၇)ဦးထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား ထောက်ပံ့ပေးအပ်သည့် မျိုးစပါးများကို လျာထားချက်အတိုင်း အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သော နည်းပညာများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားဖြစ်မည်ကြောင်း သိရသည်။


အောင်မျိုးသူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)