ဒုတိယဝန်ကြီး ဦးရဲတင့် ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ပြန်ကြား​ရေးလုပ်ငန်းများ ကြည့်ရှုစစ်​ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့် ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ပြန်ကြား​ရေးလုပ်ငန်းများ ကြည့်ရှုစစ်​ဆေး



ပုသိမ်၊ မေ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မေ ၁၀ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြောင်းမြခရိုင်ရုံးနှင့် ညနေပိုင်းတွင် လပွတ္တာခရိုင်ရုံးတို့သို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများကို တွေ့ဆုံမှာကြားသည်။

ထို့နောက် လပွတ္တာမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာပေါင်းမြို့နယ်ရုံးနှင့် ပုသိမ်ခရိုင်ရုံးတို့သို့ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့်အတူ ရောက်ရှိစစ်ဆေးပြီး တိုင်းဒေသကြီးရုံးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ မြို့နယ်ရုံးဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာများ မှာကြားကာ ပုသိမ်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ကျောင်းကုန်းမြို့နယ်ရုံးသို့ ရောက်ရှိစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြား၍ ကျောင်းကုန်းမြို့နယ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံမှာကြားရာတွင် လက်ရှိနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရပ်ကွက်၊ ကျေးရွာများတွင် စာကြည့်တိုက် များဖွင့်လှစ်ရေး၊ ယခင်က ဖွင့်လှစ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ လူငယ်များအပါ အဝင် ပြည်သူများ စာပေလေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားများကို ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မကြာမီ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းအပ်နှံရေးရက်သတ္တပတ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးကို ကျေးလက်ဒေသများအထိ ပျံ့နှံ့အောင် အသိပညာပေးရေး သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လူငယ်အသိပညာပေးလုပ်ငန်းများ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်၍ အခြေခံပညာကျောင်းများကို အခြေပြုပြီး ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ရန်၊ ထပ်ဆင့်လွှင့်စက်ရုံများ စက်ပစ္စည်း များကို သတ်မှတ်ချက်များနှင့်အညီ ပုံမှန်ပြုပြင်ထိန်းသိမ်းပြီး ရေရှည်သုံးစွဲနိုင်ရေး ဂရုပြုဆောင်ရွက် ရန်၊ မီးဘေးလုံခြုံရေးအထူးဂရုပြုကြရန်၊ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)