အာဆီယံကော်မတီဝါရှင်တန်၏ လှုပ်ရှားမှုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံပွဲသို့ မြန်မာ သံရုံးယာယီတာဝန်ခံ/ သံအမတ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီဝါရှင်တန်၏ လှုပ်ရှားမှုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံပွဲသို့ မြန်မာ သံရုံးယာယီတာဝန်ခံ/ သံအမတ် ပါဝင်တက်ရောက်



ဝါရှင်တန်၊ မေ ၂၁

အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် အလှည့်ကျဥက္ကဋ္ဌ မလေးရှားသံရုံးမှ ဦးဆောင်၍ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန တောင်နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေး ဝန်ကြီး Ms. Lindsey W. Ford နှင့် တွေ့ဆုံဆွေးနွေးပွဲကို မလေးရှားသံရုံး၌ ၂၀-၅-၂၀၂၄ ရက်က ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ အမေရိကန် နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Dato’ Nazri Aziz က အဖွင့်အမှာစကား ပြောကြားကာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီးက စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပါဝင်ရန်အတွက် ဒေသတွင်းသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အလုပ်သဘောခရီးစဉ် သွားရောက်မည့်ကိစ္စတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အင်ဒို-ပစိဖိတ်ဒေသတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)