ကျောက်ဖြူ ၊ မေ ၁၂
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကြည်ဝင်းက အခမ်းအနားတက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများကို မျိုးစိုက်ထည့်မည့် ရေငန်ပုစွန်သားပေါက်များအား ပေးအပ်ပြီး ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းကို မျိုးစိုက်ထည့်ကြသည်။
ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေငန်ပုစွန် သားပေါက်ကောင်ရေငါးသိန်းအား မျိုးစိုက်ထည့်ရန်ရည်မှန်းထားရှိပြီး ထိုသို့ ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းဖြင့် မိမိတို့ဒေသတွင် ငါး/ပုစွန်သယံဇာတမျိုးပြုန်းတီးမှုမရှိစေပဲ ရေရှည်ထုတ်လုပ် စားသုံးနိုင်မည်ဖြစ်ကာ သဘာဝရေပြင်အတွင်း ငါး/ပုစွန်များပေါများစွာ တည်ရှိနေခြင်းကြောင့် ဒေသခံများမှာ အလုပ်အကိုင်အခွင့်အလန်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment