ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်တို့ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်တို့ ဆွေးနွေး



ကူဝိတ်၊ မေ ၆

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (Kuwait Fund for Arab Economic Development -KFAED) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Waleed Sh. Al-Bahar အား ၎င်း၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (KFAED) နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်နှင့် အလားအလာကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။  

KFAED သည် ဖွံဖြိုးဆဲနိုင်ငံများအတွက် နည်းပညာအကူအညီများနှင့် ဆင်းရဲမှုလျော့ချ ရေးလုပ်ငန်းများအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)