မင်းလှမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ





အထက်မင်းလှ  ၊  မေ  ၉


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု။ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း‌ကျောင်း တက်‌ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက  စက်မှုအထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေးနှင့် တက်‌ရောက်အောင်မြင်ခဲ့ပါက နည်းပညာတက္ကသိုလ်သို့ သင်ကြားနိုင်ရေးအခွင့်အလမ်းများစွာရရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းတို့က စက်မှုအထက်တန်းကျောင်းကို သရက်မြို့ (အ-ထ-က) ကျောင်းတွင် ပညာသင်ကြားရမည်ဖြစ်ပြီး မွေးမြူရေးအထက်တန်းကျောင်း ရမှတ်အလိုက် မွေးမြူရေးဘွဲ့နှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့များကို တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် စက်မှုနှင့်ဆိုင်သော တက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့်ဆိုင်သော တက္ကသိုလ်များ၊ မွေးမြူရေးနှင့်ဆိုင်သော တက္ကသိုလ်များ တက်ရောက်ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)