ရွှေတောင်မြို့နယ်တွင် နွေစပါး ဗီယက်နမ်စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါး ဗီယက်နမ်စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ






ရွှေတောင်  ၊  မေ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၁၇A)၊ ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏လယ်မြေ ( ၁၃) ဧကတွင် ( နွေစပါး) ဗီယက်နမ် စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့သည်။

   အဆိုပါ အခမ်းအနားသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ အိုးထိမ်းကုန်းကျေးရွာ အုပ်စု၊ မင်းကွန်းကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား    ( ၈၃) ဦးခန့်တက်ရောက်ခဲ့ကြပြီး ( ၁) ဧကစံကွက်   ( ကြီး)  ရိတ်သိမ်းရာတွင် အစိုထွက်တင်း (၁၇၀.၆၅) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)