အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိ ပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိ ပေးနှိုးဆော်





အမ်း  ၊   မေ   ၂၅

  ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်

ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


 ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိူးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၄) အရ မုန်တိုင်းငယ်အခြေအနေနှင့် မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်(၇၂) နာရီအတွင်းခန့်မှန်းချက်၊ သတိ ပေးနှိုးဆော်ချက်နှင့်အကြံပြုချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ခြင်းနှင့်လက် ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)