ပေါင် ၊ မေ ၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာ၏ ဦးဆောင်မှုဖြင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း က ကဒါရပ်ကွက် မင်္ဂလာဈေးရှေ့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းသို့ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမင်းညွှန့်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူပေါင်း၍ အသိပညာပေး ဆောင်ရွက် ခဲ့သည်။
အပူဒဏ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများအဖြစ် လိုက်နာ ရမည့် အချက်များမှာ အရိပ်ရ၍ အေးမြသောနေရာတွင် နေရန် ၊နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရန် ၊လည်ပင်းနှင့်ပခုံးတို့ ကို အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များဝတ်ဆင် ရန်၊ နေ့ခင်းနေ့လယ်အပြင်သွားပါက ထီး၊ဦးထုပ်၊ နေကာမျက်မှန် တပ်ဆင်ရန်နှင့် ရှောင်ကြင်ရမည့်အချက်များမှာ နံနက် (၁၀) နာရီ မှ ညနေ (၄) နာရီထိ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမပြု ရန်၊ပူပြင်းသော နေရောင်အောက်တွင် ကိုယ်လက်လှုပ်ရှားခြင်း ၊အလုပ်လုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊နေပူထဲမှ ပြန်လာပြီးချက်ခြင်းရေချိုးခြင်းမပြုရန်နှင့်ပူပြင်းသောနေရောင် အောက်မှအလွန်အေးသောအခန်းနှင့် ကားသို့ချက်ခြင်းဝင်ရောက် ခြင်းမပြုကြရန်တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက Hand Speaker ဖြင့်လိုက်လံ အသိပေး ကြေငြာခြင်း ၊ဗီနိုင်းပိုစတာကပ်၍ အသိပညာပေးခြင်းတို့ကို ဈေးသူ၊ဈေးသားများနှင့် လမ်းသွားလမ်းလာများအား အသိပညာ ပေးပြောပြီး ပိုစတာများစိုက်ထူးခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment