ရွှေတောင် ၊ မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ မေလ( ၅) ရက်နေ့တွင်ကျရောက်မည့်( ၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာ လူနတ်နှစ်လီ၊တရစ်စီ တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း နှင့် ရုံး/ စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဒုတိယတပ်ရင်းမှူး ဦးအေးမြင့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ဖြိုးဝေလှိုင်နှင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များမှ ဘုရားရေသပ္ပါယ်ခြင်းများပြုလုပ်ခြင်း၊ ဘုရားကြီး ရေပြင်တော် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်းများကို စုပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment