ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပ





နေပြည်တော်၊ မေ ၁၇

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၃ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မေလ ၁၄ ရက်တွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲအား နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တပ်မတော်(လေ)မှ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာအနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ကျင်းပပြီးစီးခဲ့သော ပဉ္စမအကြိမ် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများအား ဖတ်ကြားရှင်းလင်းပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း အစည်းအဝေးခေါင်းစဉ်များအား နှစ်နိုင်ငံကိုယ်စားလှယ်များက အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ PARK ROYAL HOTEL၌ အစည်းအဝေးပြီးမြောက်ခြင်း အထိမ်းအမှတ်ညစာစားပွဲအား တပ်မတော် (လေ)က တည်ခင်းဧည့်ခံခဲ့သည်။

မေလ ၁၅ ရက်တွင် အဆိုပါအိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် တပ်မတော်စစ်သမိုင်းပြတိုက်၊ သူရဲကောင်းဗိမာန်၊ ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

မေလ ၁၆ ရက်တွင် Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် တပ်သမိုင်းအား Power Point ဖြင့် ရှင်းလင်းခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ ထို့နောက် လေယာဉ်ရုံအမှတ်(၁)အား ဆက်လက်ကြည့်ရှုလေ့လာပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ ၎င်းနောက် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

မေလ ၁၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)